အပင်အခြေပြု ပရိုတိန်း

ပရိုတိန်းကြွယ်ဝတဲ့ အပင်အခြေပြု အစားအစာတွေနဲ့ ကျန်းမာရေးအတွက် စွမ်းအင်ဖြည့်တင်းပါ

ရေရှည်တည်တံ့သော စိုက်ပျိုးရေး

ဒေသခံတောင်သူတွေကို ကူညီထောက်ပံ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းလမ်းတွေကို ကျင့်သုံးပြီး ထုတ်လုပ်ထားပါသည်။

GMO ကင်းစင်

သန့်စင်မှုအတွက် အထူးအာရုံစိုက်ထား၍၊ ကျွန်ုပ်တို့၏ ထုတ်ကုန်တိုင်းသည် မျိုးရိုးဗီဇပြုပြင်ထားသော ဓာတ်များ လုံးဝမပါဝင်ကြောင်း အာမခံပါသည်။

ဓာတုပစ္စည်းမပါ အစားအစာများ

ပြည့်စုံကောင်းမွန်သော ဘဝတစ်ခုအတွက် ဓာတုပစ္စည်းမပါ အစားအစာများ — သန့်စင်သော၊ သဘာဝအတိုင်းဖြစ်သော၊ အာဟာရပြည့်ဝသော

ဝေဖြိုး စားသောက်ကုန် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး အကြောင်း

ဦးလှသောင်းနှင့် ဒေါ်ခင်မေတို့မှ ၁၉၉၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ဝေဖြိုး (WAI PHYOE) ကုမ္ပဏီသည် ပဲကြော် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတို့ရဲ့ တီထွင်ဖန်တီးမှုနှင့် အရည်အသွေးကောင်းမွန်သမှုတွေအတွက် သက်သေတစ်ခုပဲ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို စားသုံးသူများထံ ပေးအပ်ရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဲကြော် ထုတ်လုပ်ရေးလုပ်ငန်းတွင် ဦးဆောင်သူတစ်ဦးဖြစ်လာရန် ရည်သန်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်နေသည့်အပြင် HACCP နှင့် ISO 9001:2015 လက်မှတ်များလည်း ရရှိထားပါသည် ။

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အဓိကဌာန ၁၂ ခု နှင့်အတူ ဝန်ထမ်း ၁၅၃ ဦးဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိပြီး၊ အရည်အသွေးကောင်းမွန်သော ပဲကြော်များ ဖြန့်ချိနိုင်ရန်အတွက် ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိပါသည်။

ဝေဖြိုးစားသောက်ကုန် ထုတ်လုပ်ဖြန့်ချိရေးအကြောင်း ပိုမိုလေ့လာရန်

ကျွန်ုပ်တို့၏ ထုတ်ကုန်များ

 ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ရိုးရာအရသာနှင့် အာဟာရဓာတ်ကို ပေါင်းစပ်ဖန်တီးထားပြီး၊ အရည်အသွေးကို ဂရုတစိုက် ရွေးချယ်တတ်သူများအတွက် အထူးသင့်တော်ပါသည်

ဆက်သွယ်ရန် အသေးစိတ်ကို ဖြည့်စွက်ပေးခဲ့ပါရန်

ဝေဖြိုးထုတ်ကုန်များကို ဝယ်ယူလို၍ဖြစ်စေ၊ အသေးစိတ်သိရှိလို၍ဖြစ်​စေ လူကြီးမင်းတို့ရဲ့ ဆက်သွယ်ရန် အချက်အလက်များကို ချန်ထားပေးခဲ့နိုင်ပါသည်။ ကျွန်ုပ်တို့ မကြာမီ ပြန်လည် ဆက်သွယ်ပေးပါမည်။