ကျွန်ုပ်တို့အကြောင်း
Home » ကျွန်ုပ်တို့အကြောင်း
ဝေဖြိုး စားသောက်ကုန် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး အကြောင်း
ဦးလှသောင်းနှင့် ဒေါ်ခင်မေတို့မှ ၁၉၉၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ဝေဖြိုး (WAI PHYOE) ကုမ္ပဏီသည် ပဲကြော် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတို့ရဲ့ တီထွင်ဖန်တီးမှုနှင့် အရည်အသွေးကောင်းမွန်သမှုတွေအတွက် သက်သေတစ်ခုပဲ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို စားသုံးသူများထံ ပေးအပ်ရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဲကြော် ထုတ်လုပ်ရေးလုပ်ငန်းတွင် ဦးဆောင်သူတစ်ဦးဖြစ်လာရန် ရည်သန်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်နေသည့်အပြင် HACCP နှင့် ISO 9001:2015 လက်မှတ်များလည်း ရရှိထားပါသည် ။
ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အဓိကဌာန (၁၂) ခု နှင့်အတူ ဝန်ထမ်း (၁၅၃) ဦးဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိပြီး၊ အရည်အသွေးကောင်းမွန်သော ပဲကြော်များ ဖြန့်ချိနိုင်ရန်အတွက် ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိပါသည်။
ဝေဖြိုး စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး ဖြစ်ပေါ်လာပုံ
အရည်အသွေးပြည့်မှီသော စားသောက်ကုန်များ
ဝေဖြိုး စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေးသည် သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိကာ အာဟာရဓာတ်ပြည့်ဝသော စားသောက်ကုန်များကိုသာ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံ၏ ပဲကြော်လုပ်ငန်းတွေ ထိပ်တန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းထားပါသည်။
ကျွန်ုပ်တို့သည် စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်၍ ကျွန်ုပ်တို့၏မူဝါဒကို လက်ကိုင်ထားပြီး စျေးကွက်တွင် ဂုဏ်သိက္ခာရှိသော၊ ယုံကြည်စိတ်ချရသော ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူအဖြစ် အမြဲရပ်တည်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေပါသည်။
လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်သော အစားအသောက်ထုတ်ကုန်များကို အစားအသောက်ဘေးကင်းမှုနှင့် အရည်အသွေးစံနှုန်းများနှင့်အညီ ပေးအပ်ရန်။
ကျွန်ုပ်တို့၏ တန်ဖိုးထားသော စားသုံးသူများနှင့် ဆက်ဆံရေးတွင် ရိုးသားမှုနှင့် သစ္စာရှိမှုကို ပြသရန်။
ဝန်ထမ်းများ၏ အရည်အချင်းနှင့် စွမ်းရည်များကို သင်တန်းများဖြင့် မြှင့်တင်ပေးကာ လုပ်ငန်းခွင် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်သွားရန်။
စျေးကွက်ခေတ်စနစ်များနှင့်အညီ လုပ်ငန်းစနစ်ကို ဆန်းသစ်မြှင့်တင်ကာ နိုင်ငံတကာဖောက်သည်များအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုများ ချဲ့ထွင်ရန်။
ကျွန်ုပ်တို့သည် FDA ညွှန်ကြားချက်များ၊ SME (အသေးစား၊ အလတ်စားလုပ်ငန်းလိုင်စင်)၊ ISO 9001:2015 (အရည်အသွေးစီမံခန့်ခွဲမှုစနစ်)၊ HACCP စသည့် ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ စံချိန်စံညွှန်းများကို တင်းကြပ်စွာလိုက်နာကာ လုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုးမှုနှင့် ယုံကြည်ရသော ဂုဏ်သိက္ခာကို ထိန်းသိမ်းထားပါသည်။


